Wednesday, March 12, 2014

မျက်စောင်း

သံစောင်းထက် ရေစောင်း ထက်သတဲ့
မြစ်ကမ်းဖက် မနေမိတော့
မသိဘူးကွယ်။

ရေစောင်းထက် လေစောင်းထက်သတဲ့
မုန်တိုင်း သက်တာ မကြုံဖူးတော့
မယုံဘူးကွယ်။

လေစောင်းထက် မျက်စောင်းထက် သတဲ့။
တသက်မှာ တခါ စ, မြင်ဖူးတော့
ကြည်နူးတယ်။
(ဖေဖော်ဝါရီ ၃ရက် မျက်စောင်း တစ်ချက် ပိုင်ရှင်သို့ ရည်ညွှန်းပါသည်။)
 

No comments:

Post a Comment